ရန်ကုန် ၊ ၂၀-၁-၂၀၁၃
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ
နှင့် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး၍ ပထမအကြိမ် မြန်မာ ကျန်းမာရေး ဆိုင်ရာ ပြပွဲ
၂၀၁၃ ( First Myanmar Health Expo 2013 ) ကို ရန်ကုန်မြို့ ၊ ဦးဝိစာရ လမ်းရှိ တပ်မတော်
ခန်းမ၌ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်း
ပြသမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ပြည်တွင်း ပြည်ပမှ ဆေးကုမ္ပဏီ
များ ၊ ပုဂ္ဂလိက ဆေးရုံများ ၊ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများ ၊ မြန်မာနိုင်ငံ တွင်
ဌာနေ ကိုယ်စားလှယ် များ ဖွင့်လှစ် ထားရှိသည့် ပြည်ပ နိုင်ငံများမှ ထင်ရှား ကျော်ကြားသည့်
ဆေးရုံ ပြခန်းများ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် ပြပွဲရက် များအတွင်း Public Health
Talk အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း တင်ဆက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment